ဟိုပန်၌ တရုတ်နိုင်ငံမှ လှူဒါန်းထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပဉ္စမအသုတ် (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်သို့ လှူဒါန်းထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပဉ္စမအသုတ် (ပထမအကြိမ်) ထိုးနှံပြီးသည့် အသက်(၁၈)နှစ်အထက်ဒေသခံ ပြည်သူများအား  ဒုတိယအကြိမ်အဖြစ် ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် (၉) နာရီ အချိန်က  ရုံးကုန်းရပ်ကွက်ရှိ မြို့တော် ခန်းမစုရပ်နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၀၉၉၇)ဧက သတ်မှတ်ရေပမာဏပြည့်ဝစွာပေးနိုင်ရေး သင်းတွဲမြောင်းအတွင်းရှိ သဲနုန်းများတူးဖော်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၁၀၉၉၇)ဧကအား သတ်မှတ်ရေပမာဏ ပြည့်ဝစွာပေးနိုင်ရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် သင်းတွဲမြောင်းအတွင်း ပို့ကျနေသောသဲနုန်းများအား မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး တူးဖော်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဒေးဒရဲမြို့အဝင် တံတားစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေး စစ်ဆေးခြင်းများ စတင်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron) ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးခြင်းများကို မြို့အဝင် တံတားစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၆ နာရီက စတင်ပြီး  စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရှင်သာမ​ဏေများ စာဖတ်ရှိန်မြှင့်မား၍ စာပေအသိပညာများ တိုးတက်လာစေရေးအတွက် စာအုပ်စာစောင် ငှားရမ်းခြင်းများ သွားရောက်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၀န်ထမ်းများသည် ယမန်နေ့ နေ့လည် (၁၂)နာရီအချိန်က လုံယန်းကျေးရွာရှိ သီရိမင်္ဂလာ ဆိုင်ခေးဘုန်းတော်ကြီးကျောင်း သို့ သွားရောက်၍ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင် ငှားရမ်းခြင်းများဆာင်ရွက်ခဲ့သည်။

သာသနတက္ကသီလဓမ္မစရိယ ဘွဲ့တော်ရ အရှင်ဝါသဝအား ဂုဏ်ပြုပူဇော်ခြင်း အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပရဟိတမြို့မ သာသနာပြုကျောင်းမှ သာသနာပြု တာဝန်ထမ်းဆောင်နေသော သာသနတက္ကသီလအရှင်ဝါသဝအား နိုင်ငံတော်မှ ချီးမြှင့်သော သာသန တက္ကသီလ ဓမ္မရိယ (B.A, Buddhism) ဘွဲ့တော်ရရှိ၍ ဂုဏဝိသိဂုဏ်ပြုပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပိုင်ကျုံမြို့ ပရဟိတမြို့မသာသနာပြုကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မြင့် ဟိုပုံးမြို့နယ် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသည့် ပြည်သူများအား ရပ်ကွက်/ ကျေးရွာအုပ်စု အရောက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ အချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသည်။

မြဝတီမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ကလေးစာဖတ်ခန်း၌ ယမန်နေ့‌နံနက် (၁၀) နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်သူများသို့ဆန်များလှူဒါန်း

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နေပြည်သူများအား အခြေခံစားသောက်ကုန်ဖြစ်သောဆန်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့သီရိမင်္ဂလာ​စျေး(တောင်စျေး)တွင် လှူဒါန်းခဲ့သည်။

ဗန်းမောက်မြို့၌ ကျန်းမာရေးသုံးဆေးဝါး အရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိမရှိ စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကျန်းမာရေး သုံးဆေးဝါးအရောင်းဆိုင်များအား သတ်မှတ်ထားရှိသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိမရှိကို ဖေဖော်ဝါရီ ၄ရက်နေ့ ညနေပိုင်းက စစ်ဆေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြင်‌ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်းမူလတန်းအဆင့် ပုံပြင်‌ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
Subscribe to