မလှိုင်မြို့နယ်တွင် သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ကုန်းတဲ၊ မြို့မဈေး၊ ဆုံတွင်း၊ ဝါးခွ ကျေးရွာအုပ်စုများမှ အသက် (၁၈) နှစ်အထက် ပြည်သူများကို ယမန်နေ့က သတ္တမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။  

၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ ကျောက်ခဲချောင်ကျေးရွာနှင့် ရေလျှံကျေးရွာတို့တွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရွာသာကြီးကျေးရွာအုပ်စု၊ ကျောက်ခဲချောင်ကျေးရွာနှင့် ရေလျှံကျေးရွာတို့တွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ပြင်စလူမြို့တွင်ခရီးသွားပြည်သူများ၊ကုန်တင်ကုန်ချအလုပ်သမားများ၊ဆိုင်ကယ် (Taxi)မောင်းသူများအား(RTD) Test Kits ဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက မြို့ နယ်အတွင်း ခရီးသွားပြည်သူများ ကုန်တင်ကုန်ချ အလုပ်သမားများ၊ ဆိုင်ကယ် (Taxi)မောင်းသူများအား(RTD) Test Kits ဖြင့်ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးဆောင်ရွက်ခြင်းကိုယမန်နေ့နံနက်ပိုင်းက ပြင်စလူမြို့၊ကမ်းနားလမ်းရှိ ကုန်တင်ကုန်ချဆိပ်ကမ်းကော်မတီရုံး၌ ဆောင်ရွက်ခဲ့သည်။

မန္တလေးမြို့တွင် ရုံးပိတ်ရက် အလုပ်နားရက် ဘုရားဖူးသူများဖြင့် စည်ကား

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးတွင် ရုံးပိတ်ရက် အလုပ်နားရက်များဖြစ်သည့် ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထအကြိမ် ထိုးနှံပြီးသူ ၁၁၅၂၉၄ ဦးရှိပြီး ဒုတိယအကြိမ်ထိုးနှံပြီးသူ ၈၆၂၈၇ ဦးရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ် ဆေးထိုးစုရပ်များ ဖွင့်လှစ် ထိုးနှံပေးလျက်ရှိရာ၊ ဖေဖော်ဝါရီ(၄)ရက်နေ့အထိ ပထမကြိမ်ဆေးထိုးနှံပြီးသူ (၁၁၅၂၉၄)ဦးရှိပြီး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ (၈၂၈၇၆)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မရမ်းကုန်းမြို့နယ်ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ် သင်ကြား

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း‌ဒေသကြီးအ‌နောက်ပိုင်းခရိုင် မရမ်းကုန်း မြို့နယ်ကြက်ခြေနီ အသင်းခွဲကကြီးမှူးဖွင့်လှစ်သော (၁/၂၀၂၂) ရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက အမှတ် (၈)ရပ်ကွက် ရေကူးဘူတာရုံလမ်းရှိ လောကသစ္စာဓမ္မာရုံတွင်  ဖွင့်လှစ်ခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့် မြိတ်မြို့နယ်အတွင်းရှိ ပြည်သူလူထုအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို လျာထားချက် ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ

နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ်သိက္ခာနဲ့အညီ နေထိုင်နိုင်စေရေးအတွက် ပြည်သူလူထုအားလုံး၏လက်ဝယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို မြိတ်မြို့နယ်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေနှင့် ဝန်ထမ်းများမှ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိရာ လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သံဖြူဇရပ်မြို့တွင် အသက် (၁၅)နှစ်အောက် ကလေးငယ် (၈၈၃)ဦး ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးပြီးစီး

အသက် ၁၅ နှစ်အောက် ကလေးငယ်များ ပိုလီယိုရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်နှင့် အနာဂတ်ကလေးငယ်များ၏ဘဝ ပိုလီယိုရောဂါ ကင်းဝေးစေရန် ရည်ရွယ်ချက်ဖြင့် မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ် စက်စဲကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့နံနက် ၁၀ နာရီ မှ စတင်ပြီး ပိုလီယိုကာကွယ်ဆေး (OPV) ဆက်လက်တိုက်ကျွေးသည်။

ဝေါမြို့၌ စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း မီးဘေးလုံခြုံရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်းနှင့်

နောင်တရားမြို့၌ တိုးပွားလူနေအိမ်များအတွက် (၄၀၀)ဗို့ ဓါတ်အားလိုင်းတည်ဆောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ အမှတ်(၃)ရပ်ကွက်၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက တိုးပွားလူနေအိမ်များ အတွက် (၄၀၀)ဗို့ ဓါတ်အားလိုင်း တိုးချဲ့တည်ဆောက်လျက် ရှိသည်။
Subscribe to