ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ကျောက်တံခါး  ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား၊ အသက်(၁၇)နှစ်အောက် ကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျောက်တံခါး ဖူဆယ်ဘောလုံးကွင်းအတွင်း၌   ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ဖူဆယ်‌ ဘောလုံးအသင်း (၂၀)မှ အုပ်စုပတ်လည် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုရရှိသည့် အသင်းများအား ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ဆုများကို ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ 

စန်းစန်း