ရန်ကုန် ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ ကျောင်းသား/သူလေးများအား ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်း အချိန်က တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)တွင် လက်သင်္ကေတပြဘာသာစကား အသုံးပြု၍ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) အကြောင်း အသိပညာပေးဟောပြောပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သွယ်သွယ်အောင်က ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ၏ ရောဂါလက္ခဏာများ၊ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်)မှ ကျောင်းသား/သူလေးများ အနေဖြင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကူးစက်ခံရမှု မဖြစ်ပေါ် စေရေးအတွက် နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့် အခါတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊ နေအိမ်ပြင်ပမှ ပြန်လာသည့် အခါတိုင်းနှင့် အရာဝတ္ထုများ ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့်ဆေးရည်(သို့) လက်ဆေးဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ပြောဆို ဆက်ဆံမှုများ ပြုလုပ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ နေထိုင်သွားလာစားသောက်ကြရန် စသည်ဖြင့် လက်သင်္ကေတပြ ဘာသာစကား အသုံးပြု၍ အသေးစိတ် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/သူ လေးများက လက်သင်္ကေတပြဘာသာစကား အသုံးပြု၍ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (omicron)နှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ နားမကြားသေ ာကလေးများကျောင်း (ရန်ကုန်) မှ ကျောင်းသား/ သူလေးများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)တွင် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်၌ ကျောင်းသား(၁၅)ဦးနှင့် ကျောင်းသူ (၁၃)ဦး စုစုပေါင်း (၂၈)ဦးကို ပညာ သင်ကြားပေးလျက်ရှိပြီး အဆိုပါ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူ (၁၄)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နိုင်လင်းအောင် (တာမွေ)