“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ် စိတ်ကြိုက်သီချင်းသီဆိုမှု မြဝတီမီဒီယာစင်တာ၌ကျင်းပ

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ် စိတ်ကြိုက် သီချင်းသီဆိုမှုကို ဖေဖော်ဝါရီလ ၄ ရက်နေ့ (သောကြာနေ့) ညတွင် မြဝတီစင်တာ၌ကျင်ပပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်ပြသခဲ့သည်။

ချောက်မြို့နယ် ၌ (အဋ္ဌမအကြိမ်)​ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များအနားယူခြင်းနှင့်ပြန်လည် ရွေးချယ်ပွဲအခမ်းအနားကျင်းပ

မ​ကွေးတိုင်းဒေသကြီး၊ မ​ကွေးခရိုင်၊​ ချောက်မြို့တွင်(အဋ္ဌမအကြိမ်) မြို့နယ်သံဃာ့နာယကအဖွဲ့အနား ယူခြင်း/ပြန်လည်​ရွေးချယ်တင်မြှောက်ပွဲကို ဖေဖော်ဝါရီ ၅ရက်နေ့ နံနက်(၈)နာရီအချိန်က ​ချောက်မြို့အမှတ် (၁၁)ရပ်ကွက်သာသနာ့ဗိမာန်​တော်ကြီး​ပေါ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

လဲချားတွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ခင်းကျင်းပြသ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ခင်းကျင်း ပြသခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီက လယ်မကျေးရွာရှိ တင်ဟော့ဇာထိုးပန်းထိုး အလုပ်ရုံသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ကြည့်ရှု စစ်ဆေးခဲ့သည်။

မုဒုံမြို့၌ ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအနေဖြင့် ရရှိထားသည့် Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်ရေးအနေဖြင့် ရရှိ ထားသည့် Sputnik Light ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယမန်နေ့ နံနက် ၉ နာ ရီက မြို့မ(၄)ရပ်ကွက် ကန်ကြီးဘုရားဝင်းအတွင်းရှိ ဓမ္မာရုံ၌ စတင်ထိုးနှံပေးလျက်ရှိသည်။

တံတားဦးမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ၏ ရင်တွင်းစကားသံများ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီးကာကွယ်ရေး လုပ့်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ် -

ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ ဝေမျှခြင်းပရဟိတ မိသားစုမှ သောက်သုံးရေ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ ဝေမျှခြင်းပရ ဟိတမိသားစုက ဖေဖော်ဝါရီ ၅ရက်၊ နံနက် ၁၁နာရီအချိန်ကတောင်ဇင်းတိုက်နယ်အတွင်း ရှိ အင်ကြင်းမြိုင်တဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံကသိရသည်။

ညောင်လေးပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် အာဇာနည်လမ်းရှိ သီရိရတနာခန်းမ၌ စတင်ထိုးနှံပေးကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာတွင် တတိယအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကွင်းဆင်း ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု၊ ဂါတ်ကုန်းကျေးရွာသို့ သွားရောက်ပြီး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် တတိယအကြိမ်မြောက် စီမံကိန်းချေးငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး အသက်(၆၀)နှစ်နှင့်အထက် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး BoosterDose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းကငါးထပ်ကြီးဘုရားရင်ပြင်တော်၌ စတင်ထိုးနှံပေးကြောင်းသိရသည်။
Subscribe to