လိပ်သို ဖေဖော်ဝါရီ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre တွင် လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ဖေဖော်ဝါရီ၄နေ့နံနက် (၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကို လိပ်သိုမြို့ နယ်မြေခံရဲစခန်းမှူး ရဲအုပ်ရဲလင်းက နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး နော်နီလာအေးတို့က ဆွေးနွေးခဲ့ကြပြီး၊ လူကုန်ကူးမှုဆိုတာဘာလဲ၊ ၊ လူကုန်ကူးသူကဘာလုပ်သလဲ၊ လူကုန်ကူးသူက ဘယ်လိုလုပ်ဆောင်သလဲ၊ လူကုန်ကူးသူကဘာကြောင့်လုပ်သလဲ၊ လူကုန်ကူးခြင်းအမျိုးအစား၊ လူတွေဟာဘာကြောင့် လူကုန်ကူးခံရသလဲ၊ ဘယ်သူတွေဟာ လူကုန်ကူးသူဖြစ်နိုင်သလဲ၊ အစရှိသည့်အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ မြို့(ပြန်/ဆက်)