တံတားဦးမြို့နယ်အတွင်းမှ ထွက်ရှိသည့် ကွမ်းရွက်များ ဈေးကောင်းသောကြောင့် ကွမ်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိ
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်း စိုက်ပျိုးကြသည့် ကွမ်းရွက်များ ဈေးကောင်းရသောကြောင့် ဒေသတွင်းမှာရှိတဲ့ ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူ အချို့၏ ပြောကြားချက်များအရသိသည်။