ကျိုက်လတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုက်လတ်  ဖေဖော်ဝါရီ  

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို  ယမန်နေ့ ညနေ ၄:၃၀ နာရီက ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုးကူးစက်မှုများ ရှိလာနေပြီဖြစ်၍ မြို့နယ် အတွင်း ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရန်အတွက် မြို့ထိပ်တွင်စစ်ဆေးရေး ဂိတ်ထားရှိ ဆောင်ရွက် သွားရန်၊ မြို့ဝင်စစ်ဆေးရေးဂိတ်တွင် ကျိုက်လတ်မြို့အတွင်း ဝင်ရောက်သူတိုင်း ကာကွယ် ဆေးထိုးထားပြီးမှု စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးတွင်း‌အောက်ဆီဂျင်တိုင်းတာခြင်းဆောင်ရွက်ရန်၊ သံသယရှိပါက RDT Test Kit ဖြင့်အခမဲ့စစ်ဆေးခြင်းများကို ဖေဖေဝါရီလ ၆ရက်နေ့မှစတင်စစ်ဆေးနိုင်ရေးနှင့်ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအား မြို့နယ်ပြည်သူ့‌ဆေးရုံ Quarantine Centre နှင့် မိုးကုတ်ဓမ္မရိပ်သာ Quarantine Centre တို့တွင် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် တာဝန် ယူဆောင်ရွက်ကြမည့် ဝန်ထမ်းများ တာဝန်ချထားမှု၊ မြို့ထိပ်စစ်‌ဆေးခြင်းလုပ်ငန်းကို နံနက်၈:၃၀နာရီမှ ၁၁နာရီ အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်း ဆွေးနွေးရာ   တက်ရောက် လာသည့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များကဆောင်ရွက်ရမည့်လုပ်ငန်းနှင့်ပတ်သတ်၍သိရှိလိုသည်များတင်ပြဆွေးနွေးရာ   မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်ဇေယျမှပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ကျိုက်လတ်မြို့သို့လာ‌ရောက်ကြမည့်ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ဈေးဝယ်လာ‌ရောက်သူ အသက် (၁၈) နှစ်အထက်ပြည်သူများအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကတ်ပြားယူဆောင်လာကြရန် လိုကြောင်း နှင့်သံသယရှိပါ RDT Test  Kit ဖြင့် စစ်ဆေးပြီး ပိုးတွေ့ရှိပါက မြို့နယ်ပြည်သူ့ဆေးရုံ Quarantineတွင် (၁၁)ရက် ဝင်ရောက်ရမည်ဖြစ်ကြောင်းသိရသည်။

ဌေးဌေးလှိုင် မြို့နယ် (ပြန် /ဆက်)