ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၁
စာရေးဆရာမ ဒေါ်နုနုကြည် (အမေ့အိမ်) ၏ အိပ်မက်နိုင်ငံ၊ အိပ်မက်မြို့တော် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမ ဒေါ်နုနုကြည် (အမေ့အိမ်) က အိပ်မက်နိုင်ငံ၊ အိပ်မက်မြို့တော်စာအုပ်တွင် ပါဝင်သည့် တရုတ်ပြည်သူ့သမ္မတနိုင်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ စာဖတ်သူများအနေဖြင့် မိမိနိုင်ငံတွင်လည်း ယင်းနိုင်ငံ၏ ကောင်းမွန်သော အလေ့အကျင့်များကို အတုယူ ကာ ကြိုးစားတတ်စေရန် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မိတ်ဆက်ပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် တာဝန်ရှိသူများ၊ ချမ်းအေးသာစံမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသန်း (မဟာဝိဇ္ဇာ)နှင့် စာရေးဆရာ၊ ဆရာမများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်