ဂွမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) Phase-7 ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ

ဂွ ဖေဖော်ဝါရီ  ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) Phase-7 ပထမအကြိမ်အဖြစ်  ဂွမြို့ သာသနာ့ဗိမ္မန်၊ ပိန္နဲကုန်းကျေးရွာ ဘုန်တော်ကြီးကျောင်းနှင့် ကျိန္တလီ ထွေ/အုပ် အစည်းအဝေး ခန်းမတို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ၊ ဦးတည်အုပ်စုတွင် ပါဝင်သည့် အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း/မိသားစုများ၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများ၊ မသန်စွမ်း/နာတာရှည်၊ ပုဂ္ဂလိကပို့ဆောင်ရေး ဝန်ထမ်းများ၊ စျေးသူ စျေးသားများ၊ အခြားဝင်ငွေရများနှင့် အခြား/ မိသားစု/ မှီခိုများစသည်ဖြင့် ဒေသခံ ပြည်သူများသည် ဖေဖော်ဝါရီလ(၉)ရက်နေ့က(၇၄၀ဦး)၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့က(၅၁၀ ဦး)တို့ လာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။

အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဖေဖော်ဝါရီလ ၇ ရက်မှ ၁၁ ရက်နေ့အထိသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) Phase-7 ပထမအကြိမ်အဖြစ်  ဆေးထိုးခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆေးလုံးဝ မထိုးရသေးသူများသည် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် နောက်ဆုံးအကြိမ်အဖြစ် လာရောက်ထိုးနှံ ကြစေလိုကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက သက်ဆိုင်ရာရပ်/ကျေးများအားနှိုးဆော် ထားကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်