(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ကျင်းပ

ချောင်းဦး ဖေဖေါ်ဝါရီ ၁၁

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မုံရွာခရိုင် ချောင်းဦးမြို့နယ် Community Centre ခန်းမ၌ ယမန်နေ့နေ့လယ် (၁)နာရီအချိန်က (၇၅) နှစ်​မြောက် စိန်ရတု ပြည်ထောင်စု​နေ့အထိမ်း အမှတ်(Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထိန်လင်းက ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ချောင်ဦးမြို့နယ် စာပေချစ်သူ များ အသင်းအဖွဲ့၀င် ဒေါ်နိုင်နိုင်မော်က ပြည်ထောင်စု​နေ့ဖြစ်​ပေါ်လာပုံ သမိုင်းအ​ကြောင်းအရာများ၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတဝှမ်း စည်ကားသိုက်မြိုက်စွာကျင်းပပုံနှင့် နောင်အနာဂတ်‌ ‌ကျောင်းသား၊ ကျောင်းသူ တိုင်းသားလူငယ်များ အနေဖြင့် ပြည်​ထောင်စုကြီး​​​ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်​အောင်​ဆောင်ရွက်ကြ​​စေ​ရေး၊ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့အောင် ဝိုင်း၀န်းထိန်းသိမ်းရေး အစရှိသည်တို့ကို ပြောကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲသို့  ချောင်းဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထိန်လင်းနှင့် ဝန်ထမ်းများ၊  ချောင်ဦးမြို့နယ် စာပေချစ်သူများအသင်းအဖွဲ့၀င် ဒေါ်နိုင်နိုင်မော် တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)