မအီမြို့ ပြည်သူ့စာကြည့်တိုက်၌ “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

မအီ ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပြည်သူ့စာကြည့်တိုက်၌ နတ်သျှင် (ရွှေဂူ) ရေးသားသည့် “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ရုပ်သံကျွမ်းကျင် -၃ ဒေါ်လွင်လွင်ပြုံးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရ ခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ပါ “‌ရွှေရောင်လေးတွေ လင်းလက်ခွင့်ပေးပါ”၊ “ရိက္ခာနဲ့သိက္ခာ”၊ “အမှိုက်တွေကို ရှင်းပစ် ပါ”၊ “ဘဝအဆင့်အတန်း မြှင့်တင်ကြပါစို့”၊ “ဆန်ရေကောင်းကို စီးဆင်းပေးပါ”၊ “ဘဝဆိုတာ အရှုံးပေးဖို့ မဟုတ်ဘူး” စသည့် ခေါင်းစဉ်များဖြင့်  စာဖတ်ဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်း အရာများအ‌ပေါ် ၎င်းတို့၏ အမြင်များကို ပြန်လည်ရှင်းလင်းဆွေးနွေခဲ့ကြသည်။

သိန်းထွန်းအောင်