နမ့်စန်(တ) ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ယနေ့နံနက် ၈ နာရီခွဲက နမ့်စန်အထကကျောင်း ဘောလုံးအားကစားကွင်းတွင် ကျင်းပခဲ့ရာ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အား/ကာ ကော်မတီဝင်များနှင့် အားကစား ဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
တတိယနေရာလုပွဲကို အမှတ်(၉)ကျေးရွာကိုယ်စားပြု ဘောလုံးအသင်းနှင့် ဟိုက်ဖတ် ကျေးရွာအုပ်စု ကိုယ်စားပြု ဘောလုံး အသင်းတို့ယှဉ်ပြိုင်ခဲ့ကြရာ အမှတ်(၉)ကျေးရွာ အသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲကို နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဘောလုံးအသင်း ၁၈ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကာ နောက်ဆုံး ဗိုလ်လုပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) ညနေ ၂ နာရီတွင် အမှတ်(၂)ရပ်ကွက် ကိုယ်စားပြု ဘောလုံး အသင်းနှင့်အမှတ်(၃)ရပ်ကွက် ကိုယ်စားပြု ဘောလုံးအသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်