မြစ်သားမြို့၌ ပြည်ထောင်စုရာထူးဝင်အဖွဲ့မှ ထုတ်ဝေသော ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ အကြောင်းအရာများ ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေပြီး မှန်ကန်ထိရောက်မြန်ဆန်စေရန် ရုံးလုပ်ငန်းလက်စွဲဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ကရင်မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွွဲ အိုမီခရွန် ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှှိလိုက်နာကြစေရန် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက ကရင်မြန်မာ နှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့တွင်  လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသ

လိပ်သိုမြို့ရှိ ပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် စာပေလေ့လာ ဖတ်ရှုသည့် အလေ့အထရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ လူကုန်ကူးမှု အန္တရာယ် အကြောင်းအရာများကို  သိရှိနိုင်စေရန်  ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ပြည်သူ့စာကြည့်တိုက်တွင်  ယနေ့နံနက်ပိုင်းက   လူကုန်ကူးမှုအန္တရာယ် အသိပညာပေး  နံရံကပ်စာစောင်များ  ပြသပေးခဲ့ကြောင်း  သိရသည်။

အမ်းမြို့နယ်တွင် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး ခေါင်းစဉ်ဖြင့် ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး ခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မြေခွဲကိရိယာ ( Subsoiler ) စက်ဖြင့် မြေလွှာခွဲခြင်းတောင်သူပညပေး ကွင်းသရုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဒေသခံတောင်သူများ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ ထယ်ရေးထွန်ယက်ခြင်း လုပ်ငန်းအား အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ မြေခွဲကိရိယာ ( Subsoiler ) စက်ဖြင့် မြေလွှာခွဲခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးမောင်မောင်၏ ကွင်းအမှတ် ( ၉၁၁ ) လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်ငူ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကို ခရိုင်ပြန်/ဆက်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။ 

နောင်တရားဒေသ၌ ရေသွင်းအာလူးစိုက်ပျိုးမှုလျော့ကျ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရား ဒေသ၌ ရေသွင်းအာလူးစိုက်ပျိုးမှု ထက်ဝက်ကျော်လျော့ကျ သွားကြောင်း အာလူးစိုက်တောင်သူ တစ်ဦးက ပြောသည်။

ဘားအံခရိုင် Community Centre တွင် စာရေးဆရာ ဒေါက်တာဖြိုးသီဟရေးသားထားသော ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေ ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာဒေါက်တာဖြိုးသီဟ ရေးသားထားသော “ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့နယ်၌ ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ လက်ပံတန်း  မြို့နယ်၌ လတ်တလောတွင် အိုမီခရွန် ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာသဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်တွင် လူစည်ကားရာနေရာများတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးလိုက်နာရန် အသိပေးကြညာခြင်းနှင့်  နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ချစ်နိုင် (စိတ်ပညာ)ရေးသားသည့် "လူငယ်နှင့်အောင်မြင်မှု " စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ(၃)နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် "လူငယ်နှင့်အောင်မြင်မှု " စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to