ဘားအံခရိုင် Community Centre တွင် စာရေးဆရာ ဒေါက်တာဖြိုးသီဟရေးသားထားသော ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဘားအံ   ဖေဖော်ဝါရီ    ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေ ချစ်မြတ်နိုးသူများအသင်း Book Club  အဖွဲ့ဝင်များဖြင့် စာရေးဆရာဒေါက်တာဖြိုးသီဟ ရေးသားထားသော “ကမ္ဘာကြီးရဲ့တောင်ပံတစ်စုံစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။            

ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင် ဆရာမ ဒေါ်ဆုလာဘ်နွယ်က ကမ္ဘာကြီးရဲ့ တောင်ပံ တစ်စုံစာအုပ်တွင်ပါဝင်သည့် ခေါင်းဆောင်မှုဆိုတာခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး၊ ဘားအံခရိုင် ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခက်ခက်လွင် က ယုံကြည်ရတဲ့သူဆိုတာ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော Book Club အဖွဲ့ဝင်များမှ သိရှိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ဘားအံခရိုင် (ပြန်/ဆက်)