လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ကရင်မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်

လိပ်သို   ဖေဖော်ဝါရီ  ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လိပ်သိုမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွွဲ အိုမီခရွန် ရောဂါကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်  သိရှှိလိုက်နာကြစေရန် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  ဝန်ထမ်းများက  နေ့စဉ်  အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေန့နက်ပိုင်းက   ကရင်မြန်မာ နှစ်ဘာသာဖြင့်  ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်း  သိရသည်။

အဆိုပါ  နှိုးဆော်ချက်များတွင်  အတတ်နိုင်ဆုံး  အိမ်တွင်း၌သာ  နေထိုင်ကြရန်၊  အခြားသူများထံသို့  သွားရောက်လည်ပတ်ခြင်း မပြုကြရန်၊ အရာဝတ္တုများကိုကိုင်တွယ်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့် စနစ် တကျ ဆေးကြောကြရန်၊   မျက်စိနှာခေါင်း ပါးစပ်တို့ကို   လက်ဖြင့်ထိတွေ့ခြင်းမှ   ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ   ထုတ်ပြန်သော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ပေးကြပါရန်၊  မိမိတို့၌ ရောဂါပိုးရှိသည်ဟု  သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှု ခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ  ကွင်းဆက်ပြတ်တောက်ရန် အတွက် မိဘပြည်သူများအားလုံး  ပူးပေါင်းပါဝင်ပေးကြရန် စသည့်အချက်များကို   ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရပ်ကွက်များအတွင်း လှည့်လည်၍   Hand Speakerဖြင့်   အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း  သိရသည်။                  

လိပ်သို(ပြန်/ဆက်)