ဖြူးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာနမှဝန်ထမ်းများက အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာ ကိုလင်း၏ “ အာဇာနည်မြင်း ” ခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကလည်း မြို့နယ်မီးသတ်ဦးစီး ဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

နမ့်စန်တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေ ၂ နာရီခွဲက မြို့နယ်ခန်းမဝန်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်ရှိ ဌာနဆိုင်ရာများ အသင်းအဖွဲ့များစုပေါင်း၍ နှမ်းမနဲထိုးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ အရမြန်မာတို့၏ အချင်းချင်း ဝိုင်းဝန်းကူညီခြင်းကို ဖော်ကျူးပြသရန်ဇလွန်မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ရှေ့အစဉ်အလာ မပျက်နှမ်းမနဲထိုးပြိုင်ပွဲကို ယမန့်နေ့ ညနေ ၃ နာရီအချိန်တွင် ဇလွန်မြို့မာရ် အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ နေပြည်တော်  ပျဉ်းမနားမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ လိုက်နာရမည့် အချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်၍ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၂၄၀၀ ဂါလံလှူဒါန်း

မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ ယနေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ လိုအပ်လျက်ရှိသော ကျေးရွာနှစ်ရွာသို့ ရေဂါလံ ၂၄၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ဘားအံမြို့နယ်တွင် မွေးစမှအသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် မွေးစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မရမ်းကုန်းမြို့နယ်၌ ကိုဗစ်-၁၉​ရောဂါ ကာ​ကွယ်​ရေးအသိပညာ​ပေးခြင်းနှင့် နှာ​ခေါင်းစည်း (mask) တပ်ဆင်​ရေးနှိုး​ဆော်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉​ရောဂါမှ ကာကွယ်နိုင်ရန်အသိပညာ​ပေးခြင်းနှင့် နှာ​ခေါင်းစည်း(mask)တပ်ဆင်​​ရေးနှိုး​​​ဆော်ခြင်းအား အမှတ်(၄)ရပ်ကွက်​ အောင်မင်္ဂလာ​ကျောင်းလမ်းရှိ ပျံကျ​စျေးတွင် ယ​မန်နေ့နံနက် ၁၀း၀၀နာရီ အချိန်က ​ဆောင်ရွက်ခဲ့သည်။

ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဧရာဝတီဝတိုင်း‌ဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးမထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက‌ ရွှေခယ်သီရိအားကစားခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to