တောင်ငူ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ 

တောင်ငူ ဖေဖော်ဝါရီ ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကို ခရိုင်ပြန်/ဆက်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

 

Talk Show အစီအစဉ်တွင် တောင်ငူခရိုင် ပြန်/ဆက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး နှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပွင့်ဖြူစင်သက်တို့က ကလေးအလုပ်သမားအဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် သတ်မှတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများ ၊ ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ကလေးများအား ခိုင်းစေမှုများနှင့်ပတ်သက်၍ ဥပဒေပြဌာန်းချက်များ ၊ ကလေးငယ်များအား အဆိုးရွားဆုံးခိုင်းစေမှုအတွက် ပြစ်မှု ပြစ်ဒဏ်များ ၊ ကလေးအလုပ်သမားများ အများဆုံးတွေ့ရှိနိုင်သည့် လုပ်ငန်းခွင်နေရာများနှင့် လက်ရှိအချိန်အထိ စစ်တမ်းကောက်ယူထားရှိသည့် ကလေးအလုပ်သမားအရေအတွက်များ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရပြီး ၎င်း Talk Show အစီအစဉ်ကို ခရိုင်ပြန်/ဆက်ဦးစီးဌာန​​၏ တောင်ငူခရိုင်ပြည်သူ့စာကြည့်တိုက် အမည်ဖြင့်ဖွင့်လှစ်ထားသည့်  လူမှုကွန်ယက်စာမျက်နှာတွင် တင်ဆက်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်