သုံးခွ ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ(၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် "လူငယ်နှင့်အောင်မြင်မှု " စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်တင်တင်ထွေးမှ တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဇော်ဝိတ်က "လူငယ်နဲ့ အောင်မြင်မှု "Book club ဥက္ကဋ္ဌ ဦးသိန်း၀င်း"ကငယ်စဉ်အခါပညာရှာ"၊အဖွဲ့၀င် ဦးကြည်စိုးလွင်မှ "ဖတ်စရာစာများ" စသည့် စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေချစ်သူများမှ ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်းဖလှယ်ဆွေးနွေး၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြသည်။
စာဖတ်ဝိုင်းဆောင်ရွက်ပြီးနောက် မြို့နယ်ရုံးမှပြသထားသော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ဖို့ စောစော"ပြော"စောစော"သိ" အားလုံးအကျိုးရှိနှင့် ကလေးအလုပ် သမားပပျောက်ရေးစသည့် နံရံကပ်စာစောင်များကို တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများမှ စိတ်ပါ၀င်စားစွာကြည့်ရူ့ကြကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)