ရေနံချောင်းမြို့နယ်၊​ ပင်းဝကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့်"လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့"  ဆောင်ပုဒ်နှင့်အညီပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုစာရင်း နှင့် ကိုင်ဆောင်သင့်သည့်နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉) နာရီ အချိန်ကရေနံချောင်းမြို့၊ ပင်းဝကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ရာ တွင်မြို့နယ်ဦးစီးမှူးဦးတင်အောင်ကျော် ကြီးကြပ်၍ လဝကမှူး ဦးအောင်ချမ်းငြိမ်း ဦးဆောင်သောဝန်ထမ်း(၄)ဦးက ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် စျေးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်

န်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ လုံခြုံမှုရှိစေရန်နှင့် သတ်မှတ် စည်းကမ်းများ နှင့်အညီ ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်နိုင်စေရန်စသည့် စျေးအင်္ဂါရပ်များနှင့် ပြည့်စုံညီညွတ် မှုရှိစေရေးအတွက် ယနေ့ နံနက်ပိုင်း အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေး (၇) စျေးမှ စျေးတာဝန်ခံများနှင့် မြို့နယ်စည်ပင်သာယာ ရေးဌာနမှဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ စျေးအတွင်းရှိ ရေဝပ်နေသော ချိုင့်ခွက်နေရာများအား သဲအိတ်များဖြင့် မြေဖို့ပေးခြင်း၊ စျေးအတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့နေသောနှုန်းနှင့် အမှိုက်များကို ဖယ်ရှားရှင်းလင်းခြင်း၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ စျေးများအတွင်း ဘေးကင်းလုံခြုံမှုရှိစေရေး၊ သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများ အပါအဝင် လူသုံးကုန်ပစ္စည်းများအား ကျန်းမာရေးနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် သရက်ချဉ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူ(၁၁၉)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချဉ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သရက်ချဉ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိ သည်။

လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်/ဆက် ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်/ ဆက်ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နေလယ် ၁နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ရှာဖွေကူညီကယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် အရေးပေါ်ရှာဖွေ ကူညီကယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့အဝင် ချောင်းတွင် ပြုလုပ်သည်။

ခမောက်ကြီးမြို့တွင်  အိုမိခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းများအား အများပြည်သူသိရှိနိုင်ရေး အသိပညာပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့တွင်  ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့်ရပ်ကွက်လမ်းကြားများတွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိလိုက်နာနိုင်ရန် အသံချဲ့စက် ဖြင့်ယနေ့ နံနက်ပိုင်းကလိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။               

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းဒေသကြီး ခရီးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲအချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နိုင်ငံတော်အကြီးအကဲ မကွေးတိုင်းဒေသကြီး ခရီးစဉ် လမ်းညွှန် မှာကြားချက်များနှင့် စပ်လျဉ်း၍  အမှာစကားပြောကြားသည်။

အိုမီခရွန်ရောဂါပိုးသည် ကူးစက်နှုန်းလျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်တာကြောင့် ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျလိုက်နာကြရန်နှိုးဆော်

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာများသို့ အိုမီခရွန်ရောဂါပိုးသည် ကူးစက်နှုန်းလျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်တာကြောင့် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ခြင်းကို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉နာရီအချိန်က နှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်အတွင်းရှိမင်္ဂလာလမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်အတွင်းရှိ မင်္ဂလာလမ်းအား ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာ၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ ဆည်မြောင်း ဦးစီးဌာနမှ ဖောက်လုပ်ထားရှိသော အမှတ်(၂)နှင့် အမှတ် (၃)ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကြည်‌ဆွေလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့‌‌သည်။
Subscribe to