ကျောက်တံခါးမြို့နယ်၌ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က မြို့နယ်စည်ပင်သာယာခန်းမ၌ စတင်ထိုးနှံပေးကြောင်း သိရသည်။