သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသထွက်ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ကွမ်းစိုက်ပျိုးသူဒေသခံများ အဆင်ပြေလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် ဒေသထွက်ကုန်ဖြစ်သော တောင်ပေါ်ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ကွမ်းစိုက်ပျိုးသူဒေသခံ တောင်သူများက လိပ်သိုမြို့ပေါ်တွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသထွက် နနွင်းအခြောက်များ ဈေးကောင်းရရှိ၍  ဒေသခံများ  အဆင်ပြေလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည်  တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းကိုသာ  အဓိကထား  လုပ်ကိုင်လျက်ရှိရာ  စီးပွားရေးလုပ်ငန်းအရ  သီးနှံများစွာရှိသည့် အနက်   နနွင်းစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း   တစ်ခုအပါအဝင် ဖြစ်ကြောင်း  သိရသည်။

မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ပုသိမ်မြို့တွင် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရိုးရာအစဉ်လာမပျက်စေရေးရည်ရွယ်ချက်ဖြင့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေ ၄ နာရီကပုသိမ်မြို့ ပြည်ထောင်စုကွင်း(ကန်သာယာ)‌၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးဗိုလ်မှူးချုပ်ထွန်းဝင်းနှင့် ထမနဲထိုးပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က မင်္ဂလာရွှေမောင်းတီး၍ ပြိုင်ပွဲ စတင်ကြောင်း ကြေငြာသည်။

ဖျာပုံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅၉)ကျောင်းသို့ ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်(၆)လ ဘတ်ဂျက်ကာလ ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅၉)ကျောင်းမှ ဆရာမလစာငွေများနှင့် သင်ထောက်ကူပစ္စည်းအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

လောင်းလုံးမြို့နယ် ဘုရားဝတ်ကျောင်းလမ်းဆုံ၊ နန္ဒာဝန်လမ်းဆုံနှင့် လောင်းလုံးမြို့အထွက်တို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း(အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ဘုရားဝတ်ကျောင်းလမ်းဆုံနှင့် နန္ဒာလမ်းဆုံတို့တွင် ယနေ့နံနက် ၈ နာရီခွဲအချိန် က လောင်းလုံးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် Mask Campaign နှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

မိတ္ထီလာ၌ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်

မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၉နာရီ အချိန်က မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းကို ဖွင့်လှစ်ကြောင်း သိရသည်။

မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာ‌ပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင် အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့သည်။
Subscribe to