မက်မန်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းမှ ပထမအကြိမ်ငွေထုတ်ချေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပထမအကြိမ် မြစိမ်းရောင်စီမံကိန်းဖြင့် ငွေထုတ် ချေးခြင်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရောင်အူကျေးရွာ အုပ်စုရောင်အူဝကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။