လက်ပံတန်းမြို့နယ်၌ ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

လက်ပံတန်း ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ လက်ပံတန်း  မြို့နယ်၌ လတ်တလောတွင် အိုမီခရွန် ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာသဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်တွင် လူစည်ကားရာနေရာများတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးလိုက်နာရန် အသိပေးကြညာခြင်းနှင့်  နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင် များမှ ဦးဆောင်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲနှင့် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများမှ မြို့နယ်အတွင်း လူစည်ကားရာနေရာများဖြစ်သည့် မြို့မစျေးအတွင်းအ​ပြင်ရှိ ဈေးဆိုင်ခန်းများ၊ ၁လမ်း နှင့်ကားဂိတ်များ၊ ကယ်ရီဂိတ်တို့တွင် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မဖြစ်မနေ ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ရေးအတွက် Mask များ ပြည်သူတို့၏ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေး၍ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ဆောင်ရန်နှင့်ရှောင်ရန်အချက်များအား ပြည်သူများ သိရှိလိုက်နာစေရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်