လိပ်သိုမြို့တွင်  လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသ

လိပ်သို  ဖေဖော်ဝါရီ   

လိပ်သိုမြို့ရှိ ပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် စာပေလေ့လာ ဖတ်ရှုသည့် အလေ့အထရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ လူကုန်ကူးမှု အန္တရာယ် အကြောင်းအရာများကို  သိရှိနိုင်စေရန်  ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင်  ယနေ့နံနက်ပိုင်းက   လူကုန်ကူးမှုအန္တရာယ် အသိပညာပေး  နံရံကပ်စာစောင်များ  ပြသပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင်     လူကုန်ကူးမှုဖြစ်ပေါ်လာရန် တွန်းအားပေးသော အချက်များ၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်၊ လူကုန်ကူးခံရသူကို  အကူအညီပေးရမည့် အချက် များ၊  လူကုန်ကူးခံရနိုင်သူများ၊ ဆွဲဆောင်သော အကြောင်းအရာများ၊ လူကုန်ကူးမှုအန္တရာယ် ကင်းဝေးရေး အသိပညာပေး  အကြောင်းအရာများကို  ရုံးတွင်းနံရံကပ်စာစောင်များတွင် ပြသပေးခဲ့သည်။

လိပ်သိုမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်   အခါအားလျော်စွာ  အသိပညာပေး နံရံကပ်စာစောင်များကို တစ်ပတ်လျှင်နှစ်ကြိမ် အသစ်လဲလှယ် ပြသပေးလျက်ရှိပြီး  နေ့ထူးနေ့မြတ်များတွင်လည်း  အချိန်နှင့်တပြေးညီ  အသိပညာပေး  အကြောင်းအရာများ ကို  ပြသပေးလျက်ရှိရာ  ပြည်သူများ  လာရောက်လေ့လာဖတ်ရှုနိုင်ကြောင်း သိရသည်။ နော်နီလာအေး(လိပ်သို)