မြစ်သား ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေပြီး မှန်ကန်ထိရောက်မြန်ဆန်စေရန် ရုံးလုပ်ငန်းလက်စွဲဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သီတာအောင်က ရုံးလုပ်ငန်းလက်စွဲဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပ ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသော ရုံးလုပ်ငန်းလက်စွဲစာအုပ်ပါ အခန်း (၁) မှ ရုံးလုပ်ငန်းသဘော တရား၊ ရည်ရွယ်ချက်၊ ရုံးလုပ်ငန်းအဓိပ္ပယ်၊ ပြီးပြည့်စုံသော ရုံးလုပ်ငန်းများ အကြောင်းအရာများ ဆွေးနွေးခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်မြမြမွန်က အခန်း (၅) မှ မှတ်တမ်းထိန်းသိမ်းခြင်း ရည်ရွယ်ချက်နှင့် အဓိပ္ပယ်ဖော်ပြချက်ကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နှင်းအိအိခိုင်က အခန်း(၁၇)မှ စာတွဲခြင်းနှင့် စာတွဲထိန်းသိမ်းခြင်း ရည်ရွယ်ချက်၊ စာတွဲခေါင်းစဉ်သတ်မှတ်ခြင်း၊ စာတွဲနံပါတ်သတ်မှတ်ခြင်း၊ စာတွဲအမျိုးအစား များလည်းကောင်း၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခိုင်သန္တာလွင်က အခန်း (၁) မှ ရုံးလုပ်ငန်းသဘောတရား အကြောင်းအရာပါ စနစ်ရှိရခြင်း၊ စည်းကမ်းရှိရခြင်း၊ အရည်အချင်း နှင့် ကျွမ်းကျင်မှုရှိရခြင်း၊ ထိုးထွင်းတီထွင်လိုစိတ်ရှိရခြင်း အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)