ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးအုပ်စုတွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးအုပ်စု အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခြင်းကို ပလောက်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်(၉)နာရီ အချိန်ခန့်တွင် ညောင်ရှင်ကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာ ပေး နှိုး‌ဆော်ချက်များအား လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယ‌မန်နေ့ မွန်းလွဲပိုင်းက  မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ကရင်/ မြန်မာ နှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်ပေးလျက်ရှိ‌ကြောင်း သိရသည်။

ဟားခါးမြို့တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ဟားခါးမြို့ရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့မှစ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့‌ ရွှေတီဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့်‌စေတီတော်၌ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပမည်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ရွှေတီဂုံပုံတူ အနှိုင်းမဲ့ ဆုပန်ပြည့်စေတီတော်၌ ယနေ့ မွန်းလွှဲ ၂ နာရီတွင် စတင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာဆောင် ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးဆွေးနွေးပွဲကို ယမန်နေ့နေ့လည် ၁နာရီ၃၀မိနစ် အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပတ္တမြားခမ်းမဆောင်တွင်ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to