ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ် စာစောင်ပြပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေသရဖီ ခန်းမတွင် ယနေ့ နံနက်(၉)နာရီခွဲက ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့် အကျွမ်းတဝင် ရှိစေရန်အတွက် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ် စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။