အင်တောမြို့အဝင် ကိုဗစ်-၁၉ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kits ဖြင့် ရှောင်တခင်စစ်ဆေး
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် ကာကွယ်ရေးအတွက် နန်းကောင်းမှု့ ကျေးရွာ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ခရီးသွား ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုစစ်ဆေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသူများအား RDT Test Kits ဖြင့် စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆောင်ရွက် ခဲ့ကြသည်။