ဇေယျာသီရိမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

ဇေယျာသီရိ ဖေဖော်ဝါရီ ၂၀

ကိုဗစ်-၁၉ရောဂါ  မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မားလာခြင်းကြောင့်  နေပြည်တော်၊   ဇေယျာသီရိမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍  Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ရေဆင်း ဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

Mask Campaign ပြုလုပ်မှုတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် ဦးဆောင်၍ မြို့နယ်စည်ပင်၊ မြို့နယ်လဝက၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များနှင့် မြို့နယ် ပြန်/ဆက် ဝန်ထမ်းများက ဈေးအတွင်း ဈေးရောင်း/ဈေးဝယ်များနှင့် လမ်းမပေါ်သွားလာနေသည့် ပြည်သူများကို နှာခေါင်းစည်း  (Mask) ၅၀၀ ခုနှင့်  Hand Gel ဗူးသေး ၆၀ ဗူး ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)