(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုပေးပွဲ ကျောက်တလုံးကြီးမြို့၌ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျောက်တလုံးကြီးမြို့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။