သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask Campaign များ ပြုလုပ်ဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Maskတပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှု Mask Campaignပြုလုပ်ခြင်းကို သီပေါမြို့နယ် ကြက်ခြေနီ အသင်းခွဲနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(MANA)တို့ ပူးပေါင်း၍ ယနေ့ နံနက်၈နာရီက  ဝက်ဝံယာယီ ပျံကျဈေးနှင့် မြို့မဈေး၊ လမ်းမတော်လမ်းနှင့် မိုင်းပွန်လမ်းဆုံ မီးပွိုင့်အနီးတို့တွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ Mask Campaignပြုလုပ် ဆောင်ရွက်ရာတွင် သီပေါမြို့နယ် ကြက်ခြေနီ အသင်းခွဲနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA)တို့ပူးပေါင်း၍ ဒေသခံလမ်းသွား လမ်းလာပြည်သူများ၊ ဈေးသူ၊ ဈေးသားများ၊ ခရီးသွားပြည်သူများကို မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိနေသည့်အတွက် နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ပြီးမှ သွားလာကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မဖြစ်မနေ ထိုးနှံကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပဲ နေအိမ်ပြင်ပ ထွက်ခွာသူ ပြည်သူများကို ပါးစပ်နှာခေါင်းစည်းMask(၃၀၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)