မက်မန်း၌ မူလွန်အေးကျန့် ကျောင်းဆောင်သစ် ဆောက်လုပ်မှုအား ကွင်းဆင်းစစ်ဆေး

မက်မန်း ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အေးကျန့်အုပ်စု အေးကျန့်ကျေးရွာ မူလွန်အေးကျန့်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၁ အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လအထိ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မူလွန်အေးကျန့် ကျောင်းဆောင်သစ် အတိုင်းအတာ ( ၉၀ x ၃၀ )ပေ     Steel Structure ကျောင်းဆောင်တည်ဆောက်မှု လုပ်ငန်းအား မက်မန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် ကော်မတီ အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါမူလွန်အေးကျန့် ကျောင်းဆောင်သစ် ဆောက်လုပ်မှုအား Asia-Junction ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး ၂၀၂၁ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ဘဏ္ဍာနှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)