ပွင့်ဖြူမြို့နယ်၌ ငှက်ပျောစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းသော်လည်း စိုက်ပျိုးစရိတ် အကုန်အကျများပြီး ဈေးကောင်းမရရှိသဖြင့် လုပ်ငန်းအဆင်မပြေဖြစ်နေ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများ က မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို စနစ်တကျ အသုံးချပြီး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ်တွင် ငှက်ပျောစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းပြီး ငှက်ပျောအထွက်နှုန်း ကောင်းမွန်သော်လည်း ဈေးကောင်းမရရှိသည့်အပြင် စိုက်ပျိုးစရိတ် အကုန်အကျများပြီး လုပ်ငန်းအဆင်မပြေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ငှက်ပျောစိုက်ပျိုးတောင်သူများထံက သိရသည်။