ပခုက္ကူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးနိုင်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံနိုင်ရေးအတွက် ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။