အင်တောမြို့အဝင် ကိုဗစ်-၁၉‌ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉‌ရောဂါပိုး ရှိ/မရှိ RDT Test Kits ဖြင့် ရှောင်တခင်စစ်‌ဆေး

အင်တော ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် ကာကွယ်ရေးအတွက် နန်းကောင်းမှု့ ကျေးရွာ ကျန်းမာ‌ရေး စစ်ဆေးရေးဂိတ်တွင် ခရီးသွား ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုစစ်ဆေးခြင်းနှင့် နှာ‌‌ခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသူများအား RDT Test Kits ဖြင့် စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ စစ်ဆေးရာတွင် ခရီးသွားပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုစစ်ဆေးခြင်းနှင့် နှာ‌‌ခေါင်းစည်းတပ်ဆင်ထားခြင်း မရှိသူများအား အင်တောမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် တိုက်နယ် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ မြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်တွင် ခရီးသွားပြည်သူများနှင့် နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသူ (၁၀၀)ဦးတို့အား RDT Test Kitsဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့ရှောင်တခင် စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူမရှိကြောင်း သိရသည်။

အောင်ခိုင်(ပြန်/ဆက်)