မဘိမ်း ဖေဖော်ဝါရီ ၂ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ ကျင်းပပြုလုပ်သော မြို့နယ်အားကာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အားကစား ကွင်း၌ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်များမှ ကျောင်းသား၊ ကျောင်းသူများအား မီတာ(၁ဝဝ) ကျား/မ၊ မီတာ(၅ဝ)ကျား/မ၊ အာလူးကောက်၊ ခြေပူး၊ အင်္ကျီဝတ်၊ အပ်နှဖားထိုး၊ စကောရွက်၊ မုန့်ကိုက်၊ အလျားခုန်၊ အမြင့်ခုန်၊ သံလုံးပစ်နှင့် ထုပ်ဆီးတိုးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ခဲ့ရာ အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)