ငှက်ပျောတောအောက်-ချီးသူစောအထက် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု (၁၀၀)ရာခိုင်နှုန်းပြီးစီး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရးလုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဈေးကွက်သို့ လျင်မြန်စွာ ရောက်ရှိပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ ကျေးလက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိသည်။