ကျိုက်ဒုံ​မြို့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး တစ်အိမ်တက်ဆင်းစစ်ဆေး​ခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးမှုများ တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ လေးရွာမှ ကျေးရွာတွင်းလမ်းများအား ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် မြို့နယ် အတွင်းရှိ ကျေးရွာလေးရွာမှ ကျေးရွာတွင်း လမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။

မိုင်းနောင်မြို့ မြန်မာ့စီးပွားဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင် စားများအား ပင်စင်လစာများကို ယနေ့၊ နံနက်(၉:၃၀)နာရီ အချိန်တွင် ကျန်းမာရေး၀န်ကြီးဌာန ၏စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (ဗ-၁၂/၁၉-၂၂) အစည်းအဝေးကျင်းပ

လမ်းမတော်မြို့နယ်၊ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (ဗ-၁၂/၁၉-၂၂) အစည်းအဝေးအား ယမန်နေ့တွင် Virtual Meeting စနစ်ဖြင့် ကျင်းပခဲ့ရာ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဗဟိုအလုပ် အမှုဆောင်များမှ တင်ပြချက်များ၊ အကြံပြုချက်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။

ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပင်လယ်ကျွန်းကျေးရွာဖြစ်သည့် စူငယ်ဘာလိုင်းကျေးရွာ အုပ်စု၊ ဂျလမ်းကျွန်းဆလုံတိုင်းရင်းသားကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။

ပင်လယ်ပျော်ဆလုံတိုင်းရင်းသားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ ဂျလန်းကျွန်း၊ ဆလုံတိုင်းရင်းသားကျေးရွာမှ ဆလုံတိုင်းရင်း သားများအား ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Second Dose) ဒုတိယအကြိမ်အဖြစ် သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး လုပ်ငန်းများ ဆက်လက်နှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။

အလုံမြို့နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Quarantine Centre) များ ကြိုတင် ပြင်ဆင်ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ပိုးတွေ့လူနာများထားရှိရန်အတွက် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (Quarantine Centre) များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သည့် မြို့မဈေးနှင့် လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ မှန်တောကျေးရွာသို့ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ထီးပုကျေးရွာအုပ်စု မှန်တောကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၈နာရီအချိန်က သောက်သုံးရေ ဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
Subscribe to