ဘိုကလေးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ပူပြင်းခြောက်သွေ့လှသည့် နွေရာသီအား မကြာခင်ကာလတွင် ရောက်ရှိတော့မည် ဖြစ်သောကြောင့် မြို့နယ်အတွင်း မီးလောင်ကျွမ်းမှုများ မဖြစ်စေရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးစိုးထက်အောင်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ရွှေတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အား ယမန်နေ့ မွန်းလွဲ(၃)နာရီတွင် ကျင်းပဆောင်ရွက်သည်။

ဝေါမြို့နယ်တွင် စိုက်နည်းစနစ်(၃)မျိုးဖြင့် စိုက်ပျိုးထားသည့် နွေစပါးစံပြစိုက်ခင်းများအား တောင်သူများ ကွင်းဆင်းလေ့လာ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်နည်းစနစ် (၃)မျိုးဖြင့် စိုက်ပျိုးထားသည့် နွေစပါးစံပြစိုက်ခင်းများအား မြို့နယ်အတွင်းရှိ ကျေးရွာများမှ စပါးစိုက် တောင်သူများက ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးနည်းစနစ်များ ရယူကာ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ကွင်းဆင်းလေ့လာကြကြောင်း သိရသည်။

မော်လမြိုင်ခရိုင်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) Online မှ ရိုက်ကူးထုတ်လွှင့်

မော်လမြိုင်ခရိုင်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) Online မှ ရိုက်ကူးထုတ်လွှင့် မော်လမြိုင် ဖေဖော်ဝါရီ ၂၀ ဇာဖြူဝင်း

မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်

မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက် မိုးနဲ ဖေဖော်ဝါရီ ၂၀ မျိုးညွန့်ရွှေ(မိုးနဲ)

စလင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုပထမအကြိမ် ၉၇၄၄၄ ဦး ဒုတိယအကြိမ် ၈၃၁၉၇ ဦးထိုးနှံပြီးစီး ရာခိုင်နှုန်း ၅၈.၁၅ရာ ခိုင်နှုန်းပြီးစီး

မကွေးတိုးဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံလျက်ရှိရာ မြို့နယ်ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆေးထိုးစုရပ် ကျေးလက်ကျန်းမာရေးဌာနများနှင့် မြိုနယ်ပြည်သူ့ဆေးရုံတို့တွင် နေရာများခွဲ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ပထမအကြိမ်ထိုးနှံပြီးသူ ၉၇၄၄၄ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၈၃၁၉၇ ဦးရှိကြောင်း မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေး မဲဇလီရေလွှဲဆည်မှ မတ်လဆန်း တွင် စိုက်ပျိုးရေစတင်ဖြန့်ဝေပေးသွားမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် နွေသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူ များ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ မတ်လဆန်းတွင် စိုက်ပျိုးရေစတင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ကျောက်ဆည်မြို့နယ်၌  ဇော်ဂျီဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေပဲတီစိမ်း(၆၈၀၄)ဧက စိုက်ပျိုး သွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေပဲတီစိမ်း (၆၈၀၄) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရ သည်။

မင်းဘူး(စကု)မြို့နယ်၌ ကျေးရွာပေါင်း (၄)ရွာ အကျိုးဖြစ်ထွန်းမည့် ကုန်ထုတ်လမ်းဖောက်လုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကျေးရွားပေါင်း (၄)ရွာမှ ဒေသခံ တောင်သူများ အကျိုးဖြစ်ထွန်းမည့် မြေနီကျောက်စရစ် ကုန်ထုတ်လမ်းကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် နေ့မှစတင်ပြီး ဖောက်လုပ်ပေးလျက် ရှိကြောင်း သိရသည်။

အခြေခံပညာ အထက်တန်းကျောင်းများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အဖွဲ့(၂)ဖွဲ့ခွဲ၍ ကျောက်ချက်‌‌ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ပြည်စံ‌အောင် ရပ်ကွက် အခြေခံပညာအထက် တန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ (၁၉၄၀)ဦး ထိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက စုကြီးထန်းတော ရပ်ကွက်မြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရာ ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူ (၁၉၄၀)ဦးရှိကြောင်း သိရှိရသည်။
Subscribe to