ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွှန်‌ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပြည်သူများ သိရှိ‌စေရန် အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယ‌နေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများ၌ ကရင်/ မြန်မာနှစ်ဘာသာဖြင့် စဉ်ဆက် မပြတ် နှိုးဆော်ပေးလျက်ရှိ‌ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင်အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ်ကိုင်ဆောင်သူ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိရာ ဖေဖော်ဝါရီ (၁၉)နေ့ နံနက် (၉) နာရီ မှ ညနေ (၄) နာရီထိ မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၅) ကျောင်းရှိအသက် (၁၀) နှစ်ပြည့် နိုင်ငံသားကတ်ကိုင်ဆောင်သူ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်။

ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်များ ထပ်မံတွေ့ရှိနေခြင်းကြောင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွားလမ်းလာ ပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်တွင် ဖျာပုံမြို့ပေါ် ဆိပ်ကမ်းသာစျေးနှင့် ဒုတိယလမ်း မီးပွိုင့်ဒေါင့်တို့၌ ပြုလုပ်ကြသည်။

ရှမ်းရွာသစ်မြို့တွင်ကာကွယ်ဆေးထိုးရန်ကျန်ရှိသောဒေသနေပြည်သူများအား COVID SHIELD ကွင်းဆင်း၍ ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိသည်။

ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက်အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မိုင်းရယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှာခေါင်းစည်းဝတ်ဆင်ရေး စည်းရုံးလှုံ့ဆော်မှု ပြုလုပ်

မြန်မာနိုင်ငံတွင် ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်မှုများတွေ့ရှိနေရပြီး မိုင်းရယ်မြို့နယ် ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ရေးစည်းကမ်းများ နှင့်အညီ သွားလာနေထိုင်ရန်အတွက် အသိပညာပေး နှာခေါင်းစည်းဝတ်ဆင်ရေးကို ယမန်နေ့ နံနက် ၇ နာရီခွဲက မိုင်းရယ်မြို့တွင် ပြုလုပ်သည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု (၁၈၁၂၉၈) ဦး ထိုးပေးနိုင်ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၈၁၂၉၈ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်) ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တို့ပူးပေါင်းကာ နှာခေါင်းစည်း Face Mask များအခမဲ့ ဖြန့်ဝေပေး ခြင်း Mask Campaign ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဆောင်ရွက်ကြသည်။

မအူပင်မြို့တွင် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မအူပင်ဟိုတယ်ခန်းမတွင် ဆောင်ရွက်သည်။
Subscribe to