ဝက်လက် အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် ၊ ယနေ့ နံနက် ၈ နာရီ အချိန်မှ စတင်၍ ၊ စုရပ် သုံး ခုဖြစ်သည့် ဝက်လက်မြို့ အခြေခံပညာ အထက်တန်းကျောင်း ၊ လှတောကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း ၊ ရွာသာကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း တို့တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံနေကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ ၊ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း ၍ ကာကွယ်ဆေး မထိုးမှီ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရယူခြင်း ၊ ကျောင်းသား ၊ ကျောင်းသူများကို အပူချိန် တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်ပေးခြင်း ၊ ရောဂါ အခံ ရှိ ၊ မရှိ မေးမြန်းခြင်းနှင့် ကာကွယ်ဆေး ထိုးပြီးပါက ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရမည့် အစီစဥ်များကို ပြောကြားဆောင်ရွက်ပေးပြီး ၊ ကာကွယ်ဆေး ထိုးနှံပေးနေကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် ယနေ့ အသက် ၁၂ အထက် ကျောင်းသား ၊ ကျောင်းသူ ၈၇၄ ဦးကို ကိုဗစ် - ၁၉ ရောဂါ ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ ဒုဦးစီးမှူ ဦးကိုကိုနိုင် ၏ ပြောကြားချက်အရ သိရှိရပါသည်။
စိုးစိုးလှိုင် ( ဝက်လက်)