ရွှေသောင်ယံကမ်းခြေရှိ ဟိုတယ်ဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/ မရှိ RDT -Test  ဖြင့်စစ်ဆေး 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရှိ ဟိုတယ်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က စတင်၍ ရွှေသောင်ယံ တိုက်နယ်ဆေးရုံဝန်းအတွင်းရှိ ကိုဗစ်- ၁၉ စစ်ဆေးရေး Center ၌ RDT- Test ဖြင့်စစ်ဆေးပေးကြောင်း သိရသည်။

ကံမမြို့နယ်အတွင်းရှိ အသက်၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့တွင် အသက်(၅၅) နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ နာတာရှည် ရောဂါရှိသူ (၁၀၁၅)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့နံနက် ၈နာရီက အသက် (၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် အချက်များအား ကရင်ဘာသာ ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

 ကရင်ပြည်နယ်၊ဘားအံမြို့နယ်တွင်ကိုဗစ်၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  အများပြည်သူ သိရှိ လိုက်နာရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်းသိရသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ဒုတိယအုပ်စု (Sinopharm) ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံနိုင်ရေး စကော ကရင်၊ မြန်မာဘာသာတို့ဖြင့် နှိုးဆော်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ် ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကွင်းဆက် ပြတ်တောက် နိုင်ရေးနှင့် မိဘပြည်သူများ အား ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှ မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအုပ်စုအနေဖြင့် first dose ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်( ၃)ရပ်ကွက် ရာအိမ်မှူးနှင့် အဖွဲ့တို့က ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

သီပေါမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ပြင်ဆင်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပညာရေးဌာနမှ တာဝန်ရှိသူများက ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မင်းလှမြိုနယ်တွင် အသက် ၁၈ နှစ် အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပဉ္စမ နေ့ဆက်လက်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး ၊သရက်ခရိုင် ၊မင်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ဆေး ပဉ္စမနေ့ဆက်လက်ထိုးနှံပေးခြင်းကို‌ ယနေ့နံနက် ၉ နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုးမိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပီးနှင့်ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လက်ခုပ်တန်း ရပ်ကွက်အတွင်းလှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင့်သိရသည်။

မြဝတီမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်ခရိုင်လူမှု ဝန်ထမ်းဦးစီး ဌာနတို့ ပူးပေါင်း၍   ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ် သည်။

ဟင်္သာတမြို့နယ်တွင် “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ  ယမန်နေ့ နံနက် (၉)နာရီက ဟင်္သာတမြို့နယ် သပြုပင်ကျေးရွာအုပ်စုရှိ (အမက) အိုင်ကြီးကျောင်း စုရပ်တွင် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
Subscribe to