ပလောက်မြို့တွင် အသက်(၁၂)နှစ်အထက် ကလေးငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးSINOVAC စတင်ထိုးနှံပေး

ပလောက်   အောက်တိုဘာ ၁၈


 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ ခန့်က အသက်(၁၂)နှစ်ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုးနှံပေးသည့်ဆေးအမျိုးအစားမှာ တရုတ်နိုင်ငံထုတ် SINOVACB.No.202108149Y ဖြစ်ပြီး  လာရောက် ထိုးနှံသည့်ကလေးများအား မိဘအုပ်ထိန်းသူများက ကိုယ်တိုင်ဖောင်ဖြည့်ခြင်း၊ စာရင်းသွင်းရန်တန်းစီခြင်း ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ လုပ်ဆောင်ခဲ့ကြသည်။


 အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကိုပလောက်မြို့၊ အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး  ဦးကျော်မင်းစိုးနှင့် ပလောက်တပ်နယ်မှ ဆေးတပ် စု နှင့်ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့်လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နှင်းမြူလွင်