အမာမြို့တွင် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

အမာ အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အသက်အုပ်စုအလိုက်နှင့် ဦးစားပေး အုပ်စုများတွင် ပါဝင်သူပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် အမာမြို့ အထကကျောင်း၌ ကျန်းမားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ယနေ့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ပထမအကြိမ် ကာကွယ်ဆေး ထိုးပြီးသောပြည်သူ(၁၅၂) ဦးခန့်အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကိုဗစ်‌-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ကျန်းမာရေးဝန်ထမ်းများထိုးနှံပေးမှုကို အမာမြို့မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ နယ်မြေခံတပ်ရင်းမှူး၊ နယ်မြေရဲစခန်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စနစ်တကျ ဆေးထိုးနိုင်ရန်လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။