ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပြည်ခရိုင် စာပေချစ်မြတ်နိုးသူများ ဆုံစည်းရာ အဖွဲ့မှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ပြည်        ဇန်နဝါရီ         ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက် ၉ နာရီက ပြည်ခရိုင် စာပေချစ်မြတ်နိုးသူများ ဆုံစည်းရာအဖွဲ့မှ သိပ္ပံမောင်ဝ၏ မောင်လူအေးမဟုတ်သော မှတ်တမ်းဝင် ဇာတ်လမ်းစဉ်စာအုပ်အကြောင်းကို ဆွေးနွေးကြသည်။

ပေါက်မြို့နယ်၌ ယောချောင်း ဘေးတစ်လျှောက် ကြက်သွန်စိုက်ခင်းများအတွင်း ရေများဝင်ရောက်လျက်ရှိ

ပေါက်မြို့နယ်၌ ယောချောင်း ဘေးတစ်လျှောက်

ပေါက်  ဇန်နဝါရီ  ၅

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ယောချောင်းဘေးတစ်လျှောက်တွင် ဇန်နဝါရီ ၁ ရက်နေ့ညနေပိုင်းမှ ဇန်နဝါရီ ၅ ရက်နေ့အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆောင်းရာသီ ကြက်သွန်စိုက်တောင်သူများ၏ စိုက်ခင်းများအတွင်း ရေများဝင်ရောက် လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့၌ အဋ္ဌမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ လုမ္ပိနီယဉ်ကျေးလိမ္မာဓမ္မသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

မိတ္ထိလာ ဇန်နဝါရီ  ၅

မိတ္ထီလာမြို့နယ်၌ အဋ္ဌမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ လုမ္ပိနီယဉ်ကျေးလိမ္မာဓမ္မ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကန်တော်မင်္ဂလာ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်လုံးဆိုင်ရာ လုမ္ပိနီယဉ်ကျေးလိမ္မာဓမ္မသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်ပြီး လုမ္ပိနီယာဉ်ကျေးလိမ္မာဓမ္မသင်တန်းမှ အဖွဲ့ဝင် ဦးဖြိုးဝေသန့်က လုမ္ပိနီယဉ်ကျေးလိမ္မာဓမ္မသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

စလင်းမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်

စလင်း    ဇန်နဝါရီ    ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ ပေါင်းနားရပ်ကွက်၊ မင်းဘူး-စလင်း ကားလမ်းမပေါ်ရှိ မီးပွိုင့်လမ်းဆုံ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ စတေကာကပ်ပေးခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လက်ကမ်း စာစောင် ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများတွင် လာရောက်ကြည့်ရှုသူ များပြားလျက်ရှိ

ထားဝယ်    ဇန်နဝါရီ   ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ ခင်းကျင်းပြသထားသော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများတွင် ယမန်နေ့ညနေပိုင်းက ဒေသခံပြည်သူများ၊ ခရီးသွားလာပြည်သူများဖြင့် လာရောက်ကြည့်ရှုသူ များပြားလျက် ရှိသည်။

 (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ခင်းကျင်းပြသထားလျက်ရှိရာ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ခရီးသွားလာ ပြည်သူများက ပြခန်းများကို စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးကြသည်။

နမ့်စန်တွင် ဓမ္မစကူးလ် သင်ယူပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲ ကျင်းပ

နမ့်စန်(တ)     ဇန်နဝါရီ  ၅

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် အမှတ်(၁)ရပ်ကွက် ဗုဒ္ဓရာဇာဓမ္မအေးရိပ်သာကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ဗုဒ္ဓရာဇာဓမ္မစကူးလ်သင်တန်း သင်ယူပြီးမြောက် ခြင်း လက်မှတ်ပေးအပ်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓရာဇာဓမ္မအေးရိပ်သာကျောင်းတိုက် ပဓာနနာယက ဆရာတော် ထံမှ ငါးပါးသီလဆောက်တည်ကာ ဩဝါဒကထာများ နာကြားခဲ့ကြသည်။

ကြို့ပင်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်

ကြို့ပင်ကောက် ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း စတင်ဆောင်ရွက်ခြင်း လုပ်ငန်းကို ဇန်နဝါရီလ ၂ ရက်နေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ ဆောင်ရွက်ခဲ့သည်။

အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျွန်းစု၌ ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြီးမှူး၍ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က ကျွန်းစု၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ကျွန်းစုမြို့နယ်အတွင်းရှိ ကျောင်းအသီးသီးမှ ဆရာ(၃၃)ဦး၊ ဆရာမ(၂၈၄)ဦး၊ စုစုပေါင်း (၃၁၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေး

နေပြည်တော်  ဇန်နဝါရီ   ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်းများကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်   ငကောင်းကံကျေးရွာအုပ်စု၊  ဝက်စုကျေးရွာ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ တတိယအကြိမ် အတိုးအရင်း ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

လူမှုဝန်ထမ်းရုံး၊ ပုလောမြို့ မူလတန်းကြိုကျောင်း ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပုလော          ဇန်နဝါရီ                  ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ လူမှုဝန်ထမ်းရုံး၊ ပုလောမြို့ မူလတန်းကြိုကျောင်း ကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး မူလတန်းကြိုကျောင်းသား/ကျောင်းသူများ၏  ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိသားစုအချင်းချင်း  ပူးပေါင်းဆောင်ရွက်၍ ချစ်ခင်ရင်းနှီးမှုရရှိစေရန် အဆိုပါပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်သည်ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ပြောသည်။

Subscribe to