မာန်အောင် အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၂)နှစ်အထက်အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ် ၁၉ရောဂါကာကွယ်ဆေး(Sinovac)ထိုးနှံပေးခြင်းကို မာန်အောင်မြို့အထက အပါအဝင် ဆေးထိုးစုရပ်(၈)နေရာသတ်မှတ်ပြီး ယနေ့နံနက်၉နာရီမှညနေ၄နာရီထိ တစ်ပြိုင်တည်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင်မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/မများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာနမှမီးသတ်တပ်ဖွဲ့ဝင်များရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လူစု လူဝေးမဖြစ် ရန်စီမံဆောင်ရွက်ပေးခြင်း၊မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူခြင်း စာရင်းဇယားဖြည့်သွင်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများက ဆေးမထိုးမီ ကျောင်းသား/များအား ကိုယ်အပူချိန် တိုင်းခြင်း၊ သွေးပေါင်တိုင်းခြင်း၊သွေး တွင်းအောက်ဆီဂျင် တိုင်းခြင်း၊ ရောဂါအခံရှိ/မရှိမေးမြန်းခြင်းများ ဆောင်ရွက်ပြီး ပုံမှန်ကျန်းမာရေး အခြေအနေရှိသူများကိုသာ ထိုးနှံပေးပြီးမိနစ်(၃၀)ကြာစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုခဲ့ကြောင်းသိရသည်။
မာန်အောင်မြို့နယ်တွင် အခြေခံပညာအလယ်တန်း၊အထက်တန်း(၃၉)ကျောင်းနှင့်ကိုယ်ပိုင်ကျောင်း(၁)ကျောင်းတို့မှ အထက် တန်းကျောင်းသား/သူ(၁၁၇၄) ဦး နှင့်အလယ်တန်းကျောင်းသား/သူ(၂၉၇၆)ဦး ၊စုစုပေါင်း(၄၁၅၀) ဦး တို့အား ကိုဗစ်-၁၉ကာ ကွယ်ဆေးများကို ဆေးထိုးစုရပ်ဖြစ်သည့် အထက မာန်အောင်၊အထက သစ်ပုံ၊အထက ကမား၊အထက(ခွဲ)ဆားချက်၊အထက (ခွဲ) ကျောက်တန်း၊အလက ငပုန်ကုန်း၊အမက ဂန့်ကော်တော၊အထက(ခွဲ)ရဲကျွန်း(မြောက်)စသည့် ဆေးထိုးစုရပ်များတွင် အောက်တိုဘာလ(၁၈)ရက်နေ့မှ(၁၉)ရက်နေ့ထိထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)