တောင်သာ အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ အသက်(၁၂) နှစ်ပြည့် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ကျောင်းသူများအား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က စတင်၍တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့အသက်(၁၂)နှစ်ပြည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ Sinovac (2 Dose) ကာကွယ်ဆေးအလုံး(၆၁၃)လုံး၊ လူဦးရေပေါင်း(၇၅၉၆)ဦးကို စတင်ထိုးနှံပေးခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဟန်သူရနှင့် အဖွဲ့ဝင် ဗိုလ်မှူးအောင်ကိုကို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါတောင်သာ(အထက)ကျောင်းတွင် အသက်(၁၂)နှစ်ပြည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်နှင့် အခြားကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)