ပင်လုံ အောက်တိုဘာ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့က ပင်လုံမြို့ အ.ထ.က (၁) ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပင်လုံမြို့အထက(၁)၌ ယနေ့ ကာကွယ်ဆေးထိုးနှံသည့်လုပ်ငန်းမှာ အသက်(၁၂)နှစ်အထက် ကျောင်းသား ကျောင်းသူများနှင့် ၁၉-၉-၂၀၂၁ ရက်နေ့တွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထားသည့် ပြည်သူများအား ယနေ့ ၁၇-၁၀-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ နေ့လည်ပိုင်းတွင် တစ်ကြိမ်မှ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအားလည်းကောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် ပင်လုံမြို့ အထက(၁)၌ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ တာဝန် ရှိသူများ၊ ပင်လုံ မြို့အုပ်ချုပ်ရေးမှူးဉီးမြင့်ဇော်နှင့် ပင်လုံမြို့အဆင့်ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီအဖွဲ့ ၊ ပညာရေးဌာနမှဝန်ထမ်းများ၊ လွိုင်လင်မြို့နယ် ကျန်းမာရေးဌာန မှဝန်ထမ်းများ ကလာရောက် ကြီးကြပ်ပံ့ပိုး ကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ပင်လုံ ပြန်/ဆက်