သံဝေဇနိယလေးဌာန "ဖွား၊ ပွင့်၊ ဟော၊ စံ" အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဂေါပကအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် သံဝေဇနိယလေးဌာန "ဖွား၊ ပွင့်၊ ဟော၊ စံ" အစည်း အဝေးခန်းမ၌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဂေါပကအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့၌ စာဖတ်ပရိတ်သတ်များ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည် ပြည်သူများအား အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီထံ ဆေးဝါးများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ယနေ့နံနက်က ကိုဗစ်-၁၉‌ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီထံ ဆေးဝါးများ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဒွေးလှကျေးရွာတွင် ဒေသနှင့် ကိုက်ညီသော ရေဆင်း(၁၁)မြေပဲမျိုးများ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ငရုပ်၊ နနွင်း၊ ပဲမျိုးစုံနှင့် ငှက်ပျော စသည့်သီးနှံများ စိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီ၌ ဒွေးလှကျေးရွာတွင် ဒေသနှင့် ကိုက်ညီသော ရေဆင်း(၁၁)မြေပဲမျိုးများ စိုက်ပျိုးထားရှိရာ တောင်သူ များ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်လျက် ရှိကြောင်း သိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌ အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်များရှိ အခြေခံလူတန်းစား များအား ကိုဗစ်ရောဂါ ဖြစ်ပွားနေမှု အခြေအနေအရ အဆင်ပြေစွာ စားသုံးနိုင်စေရေးအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်ပြီး စီမံဆောင်ရွက် လျက်ရှိရာ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ရပ်ကွက်များအတွင်းသို့ မော်တော်ကားယာဉ်ဖြင့် သွားရောက်ပြီး မိုဘိုင်းစနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ် ငပိချောင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ငပိချောင်းကျေးရွာ အုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် အခြေအနေနှင့် ပတ်သတ်၍ ပြည်သူများ၏ ရင်တွင်းစကားသံများ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပထမအကြိမ် ဒုတိယနေ့အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသည့် အခြေအနေနှင့် ပတ်သတ်၍ ပြည်သူများ၏ ရင်းတွင်းစကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရသည်။

မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင် တမံရေပိုလွှဲမှ ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဦးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံးတွင်လည်း စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့၌ မြို့ပေါ်(၆)ရပ်ကွက်အား Local Semi-Lockdown သတ်မှတ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပေါ်(၆)ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အများဆုံးတွေ့ရှိ ရသောကြောင့် အဆိုပါမြို့ပေါ်(၆) ရပ်ကွက်၏ နယ်နိမိတ်ဧရိယာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် Local Semi-Lockdown သတ်မှတ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ စက်တင်ဘာလ(၁၈)ရက် ညနေပိုင်းတွင် ထုတ်ပြန်ထား ကြောင်း သိရသည်။
Subscribe to